မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနား တက်ရောက်

မော်လမြိုင် မတ် ၁၁

မွန်ပြည်နယ် မော်လမြိုင်မြို့ ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနည်းသူ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အာဆီယံစားသုံးသူကာကွယ်ရေးရာကော်မတီမှာလည်း မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်ထားပြီး မွန်ပြည်နယ်အနေဖြင့် စားသုံးသူအခွင့်ရေးများကော်မတီအနေဖြင့် အသိပညာပေးခြင်း၊ သတင်းဖြန့်ဝေခြင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေခြင်းနှင့် တိုင်ကြားမှုဖြေရှင်းခြင်း လုပ်ငန်းစဉ်များကို လိုက်ပါပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူတိုင်းဟာ စားသုံးသူအခွင့်အရေးရှိပါတယ် ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာ Video Clip အား ပြသခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများက စောင့်ရှောက်ဝိုင်းကူ စားသုံးသူ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ ဒေသခံ MSMEs လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)