မှော်ဘီ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သော ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျီးပင်ဆိပ်ကျေးရွာ၌ ကျင်းပသည်။
ဦးစွာ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးထင်ကျော်က အဖွင့်အမှာစကားပြောကြားကာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ရန်ကင်း) ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပေါက်ကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးသိန်းဇော်အေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မတ်လ(၁၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ (၁၁)ရက်ကြာ ဂဟေဆက်အတက်ပညာဆိုင်ရာစာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကိုသင်တန်းသား(၂၅)ဦးတက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)