မုဒုံ မတ် ၁၁
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လက်တွေ့မီးငြှိမ်းသတ်နည်းသရုပ်ပြခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသုံးစွဲရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ ၊ မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ခြင်း ၊ သဲပုံး ၊ ရေပုံး ၊ မီး ချိတ်၊ မီးကပ်နှင့် မီးသတ်ဆေးဘူးများ စနစ်တကျသုံးစွဲရေး၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ စနစ်တကျထားရှိရေးကို ရှင်းလင်းဆွေးနွေးပြီး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခဲ့သည်။ ထို့နောက် ဝန်ထမ်းများက မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာအချက်များ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များနှင့် မီးသတ်ဆေးဘူးအသုံးပြုပုံတို့ကို မေးမြန်းရာ မြို့နယ်မီးသတ်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးသည်။
မီးသတ်ဦးစီးဌာနသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်၏ကုန်ထုတ်အရင်းအနှီးများ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ် စေရန်ရည်ရွယ်၍ ရုံးဌာနများ၊ ကုမ္ပဏီများ၊ စက်ရုံအလုပ်ရုံများ၊ ဈေးများနှင့် ရပ်ကွက်/ကျေး ရွာများအလိုက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)