ချောင်းဆုံမြို့နယ်၌ မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုဓလေ့လှုပ်ရှားမှု အခမ်းအနားဆောင်ရွက်

ချောင်းဆုံ မတ် ၁၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုကို ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့အမွေအနှစ် စာရင်းတင်သွင်းနိုင်ရေးအတွက် လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် မြန်မာ့ရိုးရာသနပ်ခါးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ချောင်းဆုံ(အ.ထ.က)ကျောင်း သီရိရတနာခန်းမတွင်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းသူလေးများက ရွှေဘိုသနပ်ခါးသီချင်းဖြင့် ဂုဏ်ပြုကပြဖျော်ဖြေခဲ့ကြပြီး မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေယုလှိုင်က သနပ်ခါးသမိုင်းကြောင်းကို ရှင်းလင်းပြောကြားကာ ကျောင်းသူလေးများက မြန်မာ့ရိုးရာသနပ်ခါး အလှဖြင့် အလှပြဖျော်ဖြေခြင်းနှင့် သနပ်ခါးတုံးများကို ကျောက်ပျဉ်တွင်သွေး၍ သရုပ်ပြလိမ်းခြယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာမများနှင့် ကျောင်းသူများမှ သနပ်ခါးကို ကိုယ်တိုင်သွေး၍ အပြန်အလှန်လိမ်းခြယ်ခြင်းများကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)