ကျိုက်မရောမြို့နယ်ရှိ ရပ်ကွက်များသို့ သောက်သုံးရေများအခမဲ့ဖြန့်ဝေပေး

ကျိုက်မရော  မတ်  ၁၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့  သန့်ရှင်းသောသောက်ရေများအသုံးပြုနိုင်စေရန်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးက သောက်သုံးရေဂါလံစုစုပေါင်း(၁၀၈၀၀)ကို  ယနေ့နံနက်က ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 အဆို ပါ  သောက်သုံးရေများ ဖြန့်ဝေရာနေရာများသို့  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် လှည့်လည်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)