ကျိုက်မရော မတ် ၁၁
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ သန့်ရှင်းသောသောက်ရေများအသုံးပြုနိုင်စေရန်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးက သောက်သုံးရေဂါလံစုစုပေါင်း(၁၀၈၀၀)ကို ယနေ့နံနက်က ရပ်ကွက်များအတွင်းသို့ လှည့်လည်ကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆို ပါ သောက်သုံးရေများ ဖြန့်ဝေရာနေရာများသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် လှည့်လည်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)