မိုင်းတုံ မတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မအားကစားကွင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပရာ မြို့နယ် အား/ကာနှင့် မြို့နယ် ပြန်/ဆက်၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား (၂၅၀)ဦး တက်ရောက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီအရာရှိ ဦးဇေယာသန်းဝင်းက နွေရာသီအားကစားသင်တန်းဖွင့်လှစ်ပေးရသည့် ရည်ရွယ်ချက်ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က "လူငယ်များ စာတတ်မြောက်ရေး ဝိုင်းဝန်းကူညီပေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားတာဝန်ခံ ဦးကျော်ဇင်လတ်က "လူငယ်နှင့်အားကစားအခွင့်အလမ်း"ခေါင်းစဉ်ဖြင့်လည်းကောင်း အကျယ်တဝင့် ဟောပြောပေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)