အမရပူရ မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီ (မန္တလေး)တွင်ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော သတ္တမအကြိမ် နေ့၊ ည အသံမစဲပဌာန်းရွတ်ဖတ်ပွဲဖွင့်ပွဲ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဘုရားပရဝဏ်အတွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး တလင်းကြီးကျောင်းဆရာတော်က ရောင်ခြည်တော်ဖွင့် ဂါထာဖြင့်ဘုရားပင့်ခဲ့ပြီး လင်သမားဂူကျောင်းတိုက်ဆရာတော်မှ ပဌာန်းအမွှန်းဂါထာကိုရွတ်ဖတ်ခဲ့သည်။ ဆက်လက်ပြီးလက်သမားဂူကျောဂ်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။
ယင်းနောက် စွယ်တော်ကျောင်းဆရာနော်ကနတ်ဗြဟ္မာများကိုဖိတ်ကြားပြီး သံဃာတော်အရှင်သူမြတ်များနှင့် ပဌာန်းဒါယကာ၊ ဒါယိကာမအပေါင်းတို့က ပဌာန်းပစ္စယုဒ္ဒေသပါဠိတော်များကို သံပြိုင်ရွတ်ဆိုပူဇော်ပြီး အလှည့်ကျပဌာနဘာဏက ဆရာတော်များက ပဌာန်းပါဠိတော်ကို ငါးရက်တိုင်တိုင် ပူဇော်ရွတ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတဝန်ကြီးဦးရွှေဇင်၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဂေါပကအဖွဲ့များကတက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)