မိုင်းပျဉ်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းပျဉ်း မတ် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းမဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက တက္ကသိုလ်ဝင်စာမေးပွဲစတင်သည့်ရက်မှ ပြီးစီးသည့်ရက်အထိ ပညာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနများမှမိမိတို့တာဝန်နှင့်အညီ ပူးပေါင်း၍အောင်မြင်စွာဆောင်ရွက်ပေးကြရန် ဦးစွာပြောကြားသည်။ ထို့နောက်မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းက တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့အောင်မြင်စွာ‌ဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လုံခြုံရေးတာဝန်ယူ‌ဆောင်ရွက်ပေးခြင်း၊ မြို့နယ်ကျန်းမာရေးဌာနနှင့်ကြက်ခြေနီတပ်ဖွဲ့တို့က ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းစသဖြင့် တင်ပြကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးကလိုအပ်သည်များ ဖြည့်စွက်မှာကြားဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပညာရေးဌာန၊ ရပ်ကွက်အုပ်ချပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စုံလင်စွာတက်ရောက်ခဲ့ကြ‌ကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)