ကော့မှူး မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်နှင့်တာဝန်ရှိသူများက လိုက်လံကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန်နွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းတို့က သခွတ်ပင်ကျေးရွာတွင် မန်ဂျန်ရှားပျိုးဉယျာဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လမ်းဦးစီးဌာနမှ လမ်းဘောင်ချဲ့တုပ်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ ကျုံဒရယ်ကျေးရွာအုပ်စုကွင်းဝိုင်းကျေးရွာတွင် ဆည်မြောင်းဦးစီးဌာနမှ ရေတံခါးတည် ဆောက်နေမှုအခြေအနေများ၊ အ.ထ.ကဝါးဘလောက်သောက်(၂)ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုများ၊ ကျေးလက်လမ်းဦးစီးဌာနမှ ထန်းမနိုင်-ကျွဲလူးအိုင်ကျေးရွာချင်းဆက်တံတားဆောက်လုပ်နေမှုများကြည့်ရှုစစ်ဆေးပြီး တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန်နွယ်မှတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။
ဆက်လက်၍ တာလမ်းသစ်ရပ်ကွက်မြို့မနိမ္မိတာရုံကျောင်းတိုက်တွင် အခြေပြုနေသည့်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။ ယင်းနောက်မြို့သစ်ရပ်ကွက်အားကစား ခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ ယူနီဖောင်းနှင့်ဆန်၊ ဆီထောက်ပံ့မည့်အခမ်းအနားပြင်ဆင်ထားမှုများ၊ လာဝတီကျေးရွာတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဆောက်လုပ်နေမှုအခြေအနေနှင့် လာဝတီကျေးရွာနွေစပါးစိုက်ဧက(၁၀၀)စိုက်ခင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)