ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေး

ဒဂုံအရှေ့ မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးစီးဖွင့်လှစ်သော ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုကဲ့သို့ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသားကျောင်းသူများနှင့် လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချစေပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးမှ သိရသည်။

ယခုနှစ် နွေရာသီအားကစားသင်တန်းတွင် အေရိုးဗစ်၊ မြန်မ့ာသိုင်း၊ ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်စသည့်အားကစားနည်းများကို မတ်လ(၉)ရက်နေ့မှစတင်၍ (၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသားဦးရေ(၁၂၅)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

အေးမဥ္ဇူ