ကျောက်တံတား မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ လျှပ်စစ်တိုင်များနှင့် ဆက်သွယ်ရေးတိုင်များတွင် သွယ်တန်းထားသည့် ဆက်သွယ်ရေး(Wi Fi) ကြိုးများအား စနစ်တကျသွယ်တန်းခြင်းနှင့် တရားမဝင်ကြိုးများအား ရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆက်သွယ်ရေးကြိုးများစနစ်တကျသွယ်တန်းခြင်းလုပ်ငန်းကို ကျောက်တံတားမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဦးဆောင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးကုမ္ပဏီများနှင့်ပူးပေါင်း၍ ကျောက်တံတားမြို့နယ် ၃၅ လမ်းတစ်လျှောက်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ဆောင်ရွက်ရာတွင် မီးဘေးအန္တရာယ်အတွက် မီးသတ်ကားများဝင်/ထွက်နိုင်စေရန် (၁၃)ပေအမြင့်သွယ်တန်းခြင်း၊ အမြင်မတင့်တယ်သည်များကို မြို့တော်အင်္ဂါရပ်များနှင့်အညီသွယ်တန်းအသုံးပြုစေခြင်းနှင့် တရားမဝင်သွယ်တန်းထားသည်များကို ဖယ်ရှားရှင်းလင်းခြင်းများကိုဆောင်ရွက်ခဲ့ကြပြီး နောင်တွင် သွယ်တန်းမည့်သူများအား သတ်မှတ်စည်းကမ်းနှင့်အညီသွယ်တန်းစေရန်များကို ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရပါသည်။
ကေတီထီအေ(ပြန်/ဆက်)