တံတားဦး မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ နွေသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းက တောင်သူများအနေဖြင့် နွေသီးနှံများကို စိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေများကို စနစ်တကျဆောင်ရွက်မှသာ သီးနှံများ အောင်မြင်မည်ဖြစ်ကြောင်း၊ ဒါ့အပြင် မိမိတို့ စိုက်ပျိုးထားသော သီးနှံများအောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းများ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ၊ ရိတ်သိမ်းခြွေလှေ့ရာတွင် အလေအလွင့်မရှိရေးနှင့် စနစ်တကျ သိုလှောင်ရေးလုပ်ငန်းစသည်တို့သညဘ်လည်း အလွန်ပင်အရေးကြီးပါကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ တောင်သူနည်းပညာပေးလုပ်ငန်းများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါ ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သီးနှံများစိုက်ပျိုးရန် မျိုး၊ မြေ၊ ပိုးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်သည့် ဝန်ထမ်းများက အလှည့်ကြသင်ကြားပေးကြ၍ တက်ရောက်လာကြသည့်တောင်သူများက မရှင်းလင်းသည်များကို အသီးသီးဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဖြေကြားပေးပြီး တောင်သူနည်းပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။
အဆိုပါသန်းသို့ တံတားဦးမြို့နယ်မှ နွေသီးနှံများစိုက်ပျိုးကြမည့် မီးသွေးတိုက်ကျေးရွာ၊ ပြူကန်ကျေးရွာ၊ ထန်းပေါက်ကုန်းကျေးရွာနှင့် မိုးနှံခြုံကျေးရွာတို့မှ တောင်သူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ကြကြောင်း သိရသည်။
ရဲတင့်( ပြန်/ဆက်)