သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဒုတိယပတ် ဆက်လက်သင်ကြားပေး

သာစည် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များကို အချည်းနှီးမဖြစ်စေပဲအကျိုးရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဒုတိယပတ်ကို ယမန်နေ့နံနက်ပိုင်းက ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းများတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဆရာဦးမြတ်ကို (ကလောင်အမည်) ကာတွန်းလူမင်းအောင်ကလည်း ကောင်း၊ အခြေခံအင်္ဂလိပ်စာသင်တန်းကို အင်္ဂလိပ်စာပြ ဆရာမလေးဦးတို့ကအခမဲ့သင်ကြားပေးလျက်ရှိပြီး သင်တန်းများသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သင်တန်းများကို တနင်္လာနေ့မှသောကြာနေ့အထိ နေ့စဉ်နံနက် ၈ နာရီတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် နံနက် ၉ နာရီခွဲတွင် အင်္ဂလိပ်စာအခြေခံသင်တန်းတို့ကို ပို့ချပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)