ရွှေစာရံဘုရားပွဲတော် ဖွင့်ပွဲစည်ကားသိုက်စွာ ကျင်းပနိုင်ရေး တာဝန်ရှိသူများကြီးကြပ်ဆောင်ရွက်

ပုသိမ်ကြီး မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ (၇၇)ကြိမ်မြောက် သစ္စာဓိဋ္ဌာန်ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခြင်းကို မတ်လ ၁၀ ရက် နံနက် ၇ နာရီက စတင်ကာ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြသည်။

ဦးစွာ ရွှေစာရံဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးတင်မောင်ဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါပွဲတော်ကြီးသည် အထက်မြန်မာပြည်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်ပြီး၊ ရှေးသမိုင်းဝင် မိဘုရားရှမ်းမင်းသမီး အစ်မတော် စောမွန်လှ တည်ထားခဲ့သော "ရွှေစာရံဘုရား"ဖြစ်ပြီး၊ ယခုနှစ်တွင် တပေါင်းလဆန်း ၁ရက်နေ့က စတင်ကာ အထူးစည်ကားလျက်ရှိပြီး၊ ရှမ်းပြ ည်နယ်ထွက် ဆေးဖက်ဝင်ပစ္စည်းများ၊ ဒေသစာ စားသောက်ကုန်များ၊ ဗမာမုန့်အမျိုးမျိုး၊ အမှတ်တရပစ္စည်းများအပြင်၊ အပန်းဖြေ လည်ပတ်စရာ နေရာများရှိသောကြောင့် မန္တလေးမြို့သူ/သားနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ လာရောက်ကြ၍ အထူးစည်ကား လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)