မြစ်သား မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း(၃)ဦးအား (၉၇)ကြိမ်မြောက် မိသားစုပင်စင်ချီးမြှင်ငွေများပေးအပ်ခြင်းကို ယနမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ်ပညာရေးမှူးရုံးခန်းမ၌ပေးအပ်ခဲ့ကြောင်း သိရသည်။
ချီးမြှင့်ငွေများပေးအပ်ရာတွင် မိသားစုပင်စင်အသင်းဝင်(၁၂၁၄)ဦးတို့မှ ပင်စင်ရရှိကြသည့် မြစ်သားမြို့နယ် ကူမဲအခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမကြီး ဒေါ်ကေသီဦး၊ ကသဲကုန်းကျေးရွာ အခြေခံပညာမူလွန်ကျောင်းမှ အလယ်တန်းပြဆရာမကြီး ဒေါ်နှင်းနှင်းအေးနှင့်စမြှောင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ဦးသိန်းထွန်းတို့(၃)ဦးအား တစ်ဦးလျှင်ချီးမြင့် ငွေကျပ် ၁၇၄၉၀၀၀ိ/-ဖြစ်ပြီး အငြိမ်းစားဝန်ထမ်း (၃)တို့အတွက် စုစုပေါင်း ချီးမြင့်ငွေကျပ် ၅၂၄၇၀၀၀/- အား တာဝန်ရှိသူများက ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိသားစုပင်စင်ကို (၂၀၁၇)ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှစတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ အငြိမ်းစားဆရာ၊ ဆရာမကြီးများအား ချီးမြှင့်ငွေများပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မိသားစုပင်စင်အသင်းဝင် ငါးဆူကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)