Advocacy Meeting for School Based TB ACF ကျောင်းအခြေပြု တီဘီရောဂါ အရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း အသိပေးရှင်းလင်း

မန္တလေး မတ် ၁၁

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများရှိ ကျောင်းသား/သူများအားတီဘီရောဂါ ရှိ/မရှိ ကွင်းဆင်းရှာဖွေ ကုသပေးခြင်းလုပ်ငန်းအတွက် Advocacy Meeting for School Based TB ACF ကျောင်းအခြေပြု တီဘီရောဂါ အရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်း အသိပေးရှင်းလင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုး တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက်တီဘီ/အနာကြီးရောဂါတိုက်ဖဖျက်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်ထွန်းက ကျောင်းအခြေပြု တီဘီရောဂါရှိန်အဟုန်မြှင့် ကွင်းဆင်းရှာဖွေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

အဆိုပါအခမ်းအနားသို့ လူမှုရေးရာဝန်ကြီး ဦးအာင်ကျော်မိုး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်၊ တီဘီရောဂါဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ စီမံချက်ဝင်မြို့နယ်များမှ ခရိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဆက်စပ်ဌာနများမှ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း