မလှိုင် မတ် ၁၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်နေ့မှစတင်၍ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် စစ်ဆေးဆောင်ရွက်မည်ဖြစ်ရာ မလှိုင်မြို့နယ်မှ ကျောင်းသား/ကျောင်းသူ (၂၀၇၈)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မလှိုင်မြို့နယ်အတွင်း စာစစ်ဌာန(၅)ခု ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်မည်ဖြစ်ရာ အ.ထ.က(မလှိုင်)၊ အ.ထ.က(မြို့သစ်)၊ အ.ထ.က (ဆည်တို)၊ အ.ထ.က(နှောကန်)နှင့် အ.ထ.က (ပန်းအိုင်)တို့၌ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် မတ်လ(၁၇)ရက်နေ့မှ(၂၇)ရက်နေ့အထိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့၏တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ စာစစ်ဌာနများတွင် ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)