ကျိုက်ထို မတ် ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို စာစစ်ဌာန(၂)ခုတို့၌ ကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ (၇၆၂)ဦးတို့ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်း (Grade-12)စာမေးပွဲကို ကျိုက်ထိုမြို့ရှိ အ.ထ.က(၁)၊ အ.ထ.က(၂)တို့၌ စာစစ်ဌာနများပြုလုပ်ကျင်းပမည်ဖြစ်ရာ အ.ထ.က(၁)စာစစ်ဌာန၌ ဖြေဆိုရန်(၃၉၂)ဦး၊ အ.ထ.က(၂)စာစစ်ဌာန၌ ဖြေဆိုရန်(၃၇၀)ဦး၊ စုစုပေါင်း(၇၆၂)ဦးတို့ စာမေးပွဲဖြေဆိုရန် စာရင်းတင်သွင်းထားကြောင်း သိရသည်။
စာမေးပွဲဖြေဆိုချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အခြားစာမေးပွဲဆိုင်ရာကိစ္စရပ်များကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)