မိတ္ထီလာ မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာဖြေဌာနများတွင် လျှပ်စစ်သုံးစွဲမှု အဆင်ပြေစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာဖြေဌာနများတွင် လျှပ်စစ်သုံးစွဲမှု အဆင်ပြေစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။ ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်၊ မိတ္ထီလာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမင်းကိုနှင့်အဖွဲ့မှ မြို့နယ်အတွင်းရှိ စာဖြေဌာနများဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)