လမ်းမတော်မြို့နယ်တွင် မသန့်ရှင်းသောရေနှင့်အစားအသောက်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးကွင်းဆင်းစစ်ဆေးခြင်းအရှိန်အဟုန်မြှင့်ဆောင်ရွက်

လမ်းမတော် မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် သောက်သုံးရေနှင့် အစားအသောက်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက စိန်ဂျွန်း City Mall သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနီနီအေးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက လမ်းမတော်မြို့နယ်စိန်ဂျွန်း City Mall ၌ မသန့်ရှင်းသာအစားအသောက်နှင့် ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကာကွယ်တားဆီးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အစားအသောက်များစစ်ဆေးခြင်း၊ ရေသန့်ရှင်းမှုရှိ/မရှိစစ်ဆေးခြင်း၊ Face mask ၊ Apron ၊ Cap နှင့် Glove များဖြန့်ဝေခြင်း၊ Hepatitis A အကြောင်းသိကောင်းစရာများအား ပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်