ကျောက်ဆည်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောက်ဆည် မတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့န့နက်(၁၁)နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက သဘာဝပတ်ဝန်းကျင်ကောင်းမွန်စေရေးသည် တစ်ဦးတစ်ယောက်ကောင်းဖြင့် လုပ်ဆောင်၍မရနိုင်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြေင်း၊ စက်ရုံများနှင့် မော်တော်ယာဉ်များမှထွက်ရှိသော မီးခိုးငွေ့များ၊ ရေဆိုးများနှင့်လူတို့၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများရှိလာနိုင်သောကြောင့် မိမိကိုယ်တိုင်ကစပြီး မိမိပတ်ဝန်ကျင်နေရာများကို သန့်ရှင်းသပ်ရပ်စွာနေထိုင်သွားကြစေလိုကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားကြစေရေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)