မရမ်းကုန်းမြို့နယ်တွင် အသည်းရောင်အသားဝါ(အေ) ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မရမ်းကုန်း မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဦးဆောင်၍ မြို့နယ်အတွင်းရှိ အစားအသောက်များရောင်းချပေးသောဆိုင်များကို ယမန်နေ့နံနက်(၁၀)နာရီက အသဲရောင်အသားဝါ‌အေ ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေး ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူး‌‌ပေါင်း၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ရှိန်းနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်မှတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်မောင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိပါသည်။

မြို့နယ်အတွင်း အစားအသောက်ရောင်းချပေးနေသော ဆိုင်များ၊ စျေးများကို အသည်းရောင်အသားဝါ(အေ)ရော ကြိုတင်ကာကွယ်နိုင်ရေးဆောင်ရန် ရှောင်ရန်အချက်များအား အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ် ပြန်/ဆက်