လွိုင်လင် မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလေးများနွေရာသီအားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိအောင်အသုံးချတတ်စေရန်နှင့် ယဥ်ကျေးလိမ္မာစွာပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်ပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းအား မတ်လ ၁၁ ရက်နေ့မှ စတင်ကာ မတ် ၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းနည်းပြဆရာ/မ(၂)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ (၁၀၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အယ်မင်း (လွိုင်လင်)