ကျိုင်းလပ် မတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကလေးများအား ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယဉာဏဖွံ့ဖြိုးတိုးတတ်စေရေးအတွက် အဆိုပါရုံးရှိ Community Centre ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များ စိတ်ဓာတ်ခွန်အားများကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုတိုးတက်လာစေရန်၊ အများအကျိုးဆောင်ရွက်တတ်သည့် အလေ့အကျင့်ဖြစ်ပေါ်လာစေရန်၊ ကျောင်းစာအပြင် အသိပညာဗဟုသုတတိုးပွားစေမည့် သုတရသစာအုပ်များကို ဖတ်ရှုလေ့လာကာ စာကြည့်တိုက်အား ငယ်ရွယ်စဉ်ကပင် အသုံးပြုတတ်လာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကလေးများ ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး လာရောက်ယှဉ်ပြိုင်ကြသည့်ကလေးများကို အမှတ်တရလက်ဆောင်နှင့်မုန့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)