လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံဂျူဒိုသင်တန်းဖွင့်လှစ်

လယ်ဝေး မတ် ၁၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်လူရွယ်များအတွက် နွေရာသီသင်တန်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်အတွက် ယမန်နေ့ ညနေပိုင်းမှစတင်၍ အခြေခံဂျူဒိုသင်တန်းအား နည်းပြဆရာဦးထွန်းထွန်းနိုင်(နည်းပြ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်)က သင်ကြားပေးလျက်ရှိသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၃၀ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

မျိုးသန့်ထွန်း(ပြန်/ဆက်)