"မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့"ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဓမ္မာလင်္ကာရစာသင်တိုက်ရှိသံဃာတော်များနှင့် ဝေယာဝစ္စကုသိုလ်ပြုသူတို့ကိုတိုင်းရင်းဆေးဖြင့်ကုသမှုပေး

တွံတေး မတ် ၁၀

တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့်  ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး  တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ယနေ့နံနက် ၁၀ နာရီအချိန်က ဓမ္မာလင်္ကာရ စာသင်တိုက်ရှိ သံဃာတော်များနှင့် ဝေယာဝစ္စကုသိုလ်ပြုသူများကို တိုင်းရင်းဆေးဖြင့်အခမဲ့ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးနှင့်အဖွဲ့သည် " မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့" ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဓမ္မာလင်္ကာရစာသင်တိုက်ရှိသံဃာတော်များနှင့်ဝေယာဝစ္စကုသိုလ်ပြုသူ စုစုပေါင်း (၃၀)ဦးတို့အား အသည်းရောင်အသားဝါရောဂါအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး သံဃာတော်(၂၅)ပါး၊ မ( ၅)ဦး၊ ကျားလေး (၇)ဦး စုစုပေါင်း (၃၇) ဦးတို့အား တိုင်းရင်းဆေးဖြင့် သွေးတိုးရောဂါ၊ အကြောတက်၊ နှလုံး/မောရောဂါ၊ ခေါင်းမူး၊ ယားနာ၊ အနာစက်တို့ကို ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပြီး စင်္ကြာမင်းဆေးဝါးထုတ်လုပ်ရေးနှင့် ရွှင်ပြုံးဆေးဝါးထုတ်လုပ်ရေးမှဆေးဝါးများကိုလည်း လှူဒါန်းမှုပြုခဲ့ကြောင်း သိရှိရသည်။

တွံတေးသား