မှော်ဘီမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားအခြေခံသင်တန်းများ စတင်သင်ကြားပြသ

မှော်ဘီ မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ဆောင်ရွက်သည့် နွေရာသီအားကစားအခြေခံသင်တန်းများကို ယနေ့နံနက်(၈)နာရီအချိန်၌ ဒေါ်လဲလဲ့လွင်ဦးစီးဦးဆောင်၍ နည်းပြဆရာများ(၁၃)ဦးနှင့် မှော်ဘီရှမ်းစုအမှတ်(၁)ရပ်ကွက်ရှိ မှော်ဘီမြို့မအားကစားကွင်းတွင် သင်တန်းသားများအား လေ့ကျင့်သင်ကြားပို့ချပေးလျက်ရှိသည်။

အဆိုပါသင်တန်းများကို နေ့စဉ်နံနက် ၈ နာရီမှ ၁၀ နာရီထိ အားကစားနည်း(၄)နည်းဘောလုံးကစားနည်း၊ ဖူဆယ်ကစားနည်း၊ တိုက်ကွမ်ဒို၊ ကြက်တောင်ကစားနည်းများတို့ဖြင့် နွေရာသီအားကစားသင်တန်းများကို (၁)လတိုင်တိုင်သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းမျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန်၊ မြို့နယ်ကိုယ်စားပြုအားကစားသမားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီအားကစားအခြေခံသင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအားကစားမှူးဒေါ်လဲ့လဲ့လွင်ထံမှ သိရသည်။

ဝင်းဇော်(ပြန်/ဆက်)မှော်ဘီ