ချောင်းဆုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်

ချောင်းဆုံ မတ် ၁၀

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ မြန်မာ့ရိုးရာသနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် အကြိုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက် (၁၁)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်  မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာက မြန်မာ့သနပ်ခါးကို ယဉ်ကျေးမှုအမွေအနှစ်ဖြစ်အောင် ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံအတွင်း သနပ်ခါး၏ အရေးပါပုံများ၊ သနပ်ခါးကို တိုင်းရင်းဆေးပညာများတွင် အသုံးပြုလာကြပုံများနှင့် လူငယ်လူရွယ်များအနေဖြင့် သနပ်ခါးယဉ်ကျေးမှုကို ထိန်းသိမ်းသွား ကြရန်လိုကြောင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုအနေဖြင့် သနပ်ခါးတုံးများအား သွေး၍ လိမ်းခြယ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)