မုဒုံ မတ် ၁၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစစ်တုရင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာဦးရဲမင်းဦးက နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များနှင့် အားကစားဝါဒနာရှင်များကို အခြေခံအဆင့်မှစ၍ သင်ကြားပေးမည်ဖြစ်ကြောင်း၊ လူငယ်များ စဉ်းစားတွေးခေါ်မှုမြင့်မားစေရန်နှင့် ပြည်နယ်အတွင်း စစ်တုရင်အားကစားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် နည်းပြဆရာက စစ်တုရင်ကစားနည်း အခြေခံစည်းကမ်းချက်၊ အဖွင့်ပိုင်းစနစ်၊ ကစားရုပ်များနေရာချပုံနှင့် လှုပ်ရှားပုံ၊ ကစားရုပ်များ၏ တန်ဖိုး၊ စစ်တုရင်စာအုပ်လေ့လာနည်း၊ တရားမဝင်ရွှေ့ကွက်များ၊ ကစားကွက်အနေအထားလေ့လာခြင်း၊ ပွန်းအနေအထားများအကြောင်းအရာများ၊ ထောင်ချောက်ကွက်/ ချောင်းကွက်နည်းများ၊ End Game အနေအထားလေ့လာခြင်းစသည့် စစ်တုရင်ပညာဘာသာရပ်များကို သင်တန်းသား(၃၃)ဦးအား တစ်လကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)