တောင်သာ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)အဖွဲ့ဝင်များမှ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော အောင်စေသတည်းစာအုပ်မှ အကျိုးမေတ္တာတန်ခိုး၊ ချမ်းချမ်းသာသာ အိပ်စက်ရမယ်၊ အိမ်မက်မကောင်းတာမျိုး မမက်ဘူး၊ နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်ကြတယ်၊ လက်နက်အဆိပ် မီးဘေးတွေ ကင်းဝေးတယ်၊ စိတ်တည်ကြည်တယ်၊ မျက်နှာကအပြစ်ကင်းစင်ကြည်လင်တယ်၊ သေလွန်တဲ့အခါ စိုးရိမ်ပူပန်ကင်းတယ်၊ သေလွန်တဲ့အခါ မေတ္တာအကျိုးအားကြောင့် ဗြဟ္မာ့ဘုံသို့တောင် ရောက်ရှိစေနိုင်တယ်၊ ဘယ်လောက်ထွေပြားတဲ့ လုပ်စရာတွေများနေနေ ဘယ်လိုပဲအချိန်နည်းပြီး လုပ်ရကိုင်ရ ကျပ်သပ်တာမျိုးတွေကို တွေ့ကြုံရပါစေ အောင်မြင်စွာ ဖြေရှင်းကျော်လွှားနိုင်ကြတဲ့ ပုဂ္ဂိုလ်များဟာ ရှင်းရှင်းလင်းလင်းတွေးတယ် သေသေချာချာ စဉ်းစားတယ် ရှင်းရှင်းလင်းလင်းရေးတယ် ရှင်းရှင်းလင်းလင်း တိတိကျကျပြောတယ် ရှင်းရှင်းလင်းလင်းလုပ်ဆောင်တယ် ရှုပ်ရှုပ်ထွေးထွေးတွေမလုပ်ဘူး သူ့လုပ်ငန်းစဉ်ထဲမှာ ကံရယ် ဉာဏ်ရည် ဝီရိယရယ် ယုံကြည်ချက်နဲ့ သတိရှိခြင်းရယ် ပါဝင်နေကြပါတယ် စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)