ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိပြီး မင်းရဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၁၅၀၁)ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းများအလိုက် နွေနှမ်းများ စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပြီး မင်းရဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်း စခန်းတွင် (၁၅၀၁)ဧကလျာထားပြီး နွေနှမ်းများစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် လျာထားချက်ပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဇော်ဂျီဆည်မှ မင်းရဲရေပေးမြောင်း၊ ငပြောင်ရေပေးမြောင်း၊ နွားတက်ရေပေးမြောင်း၊ တမုတ်ရေပေးမြောင်း၊  အထက်လင်းဇင်း ရေပေးမြောင်းနှင့် ကင်းတားဆည်မှ သင်းဒီးရေပေးမြောင်း၊ စမာရေပေးမြောင်း စသည့် စိုက်ပျိုးရေပေးမြောင်းများမှ စိုက်ပျိုးရေများကို အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်းနှင့် မင်းရဲစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စု (၁၂)အုပ်စုပါဝင်ပြီး တောင်နောက်ကျေးရွာအုပ်စုတွင်(၁၁၀)ဧက၊ သင်တောင်းကျေးရွာအုပ်စုတွင်(၉၀)ဧက၊ အင်တိုင်း ကျေးရွာအုပ်စုတွင်(၁၂၉)ဧက၊ ကြက်မင်းတွန်ရပ်ကွက်အုပ်စုတွင်(၂၄)ဧက၊ ဖောင်ရွာရပ်ကွက်အုပ်စု တွင် စိုက်ပျိုးနိုင်ခြင်းမရှိကြောင်းနှင့် ပတ္တာကျေးရွာအုပ်စုတွင် (၁၇၉)ဧက၊ ပင်တလည်ကျေးရွာအုပ်စုတွင် (၂၈၁)ဧက၊ ပြည်ပန်းကျေးရွာအုပ်စုတွင်(၁၁၀)ဧက၊ သမန္တလင်းကျေးရွာအုပ်စုတွင် (၂၃၄)ဧက၊ မြင်းကဘက်ကျေးရွာအုပ်စုတွင် (၁၀၂)ဧက၊ မုန့်ပေါင်းကျေးရွာအုပ်စုတွင် (၁၅၈)က၊ လက်ပံဇင်ကျေးရွာအုပ်စုတွင် (၈၄)ဧက စုစုပေါင်း (၁၅၀၁)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ နွေနှမ်းသီးနှံများ စိုက်ပျိုးရာတွင် တောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီပြီးအထွက်နှုန်း ကောင်းမွန်သည့် ဆင်းရတနာ(၄) နှမ်းအဖြူမျိုးများ အဓိကထားစိုက်ပျိုးကြကြောင်း နှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ လုံလောက်စွာ အလှည်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ပြန်/ဆက်)