မဟာအောင်မြေ မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံး၊ ဓမ္မဂါရဝကျောင်း၌ ဓမ္မာစရိယစာမေးပွဲနှင့် ပထမပြန်စာမေးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်၊ဓမ္မဂါရဝကျောင်း)၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်)၊ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တထုတိဝရ၊ မဟာဓမ္မိကာရာမေရွှကျင်တိုက်မကြီး၊ အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ (စတုဘုမ္မိက)ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝါသေဋ္ဌသာရ(နဂါးပရိယတ္တိစာသင်တိုက်) အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဒုဥက္ကဋ္ဌ ဘဒ္ဒန္တပညေသိက၊ စက်ဝန်မင်းကျောင်းတိုက်၊ အောင်မြေသာစံမြို့နယ်၊ တိုင်းဒေကြီးသံဃာ့ နာယကအဖွဲ့အကျိုးတော်ဆောင်(ရွှေကျင်) ဆရာတော်ဘဒ္ဒန္တသောဘိတာ လင်္ကာရ၊ မင်္ဂလာဗိမာန်ကျောင်း၊ မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်(သုဓမ္မာ) ဆရာတော် ဘဒ္ဒန္တဝါသဝသိရီ ဇောတိကာရုံကျောင်း၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ချမ်းမြသာစည်မြို့နယ်၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဣန္ဒက၊ စတုဘုမ္မိကမဂ္ဂင်ရိပ်သာ၊ အမရပူရမြို့နယ်၊ တိုင်းဒေကြီး သံဃာ့နာယကအဖွဲ့ဝင် (သုဓမ္မာ) ဘဒ္ဒန္တအဂ္ဂဉာဏ၊ ဆင်ဖြူမယ်ကျောင်းတိုက်၊ အမရပူရမြို့နယ်၊ ဘဒ္ဒန္တဓမ္မာဓိပတျာလင်္ကာရ အလယ်တိုက်ကြီး၊ မိုးကောင်းကျောင်းတိုက်၊ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တဝိဓူရ သုံးထပ်ကျောင်း၊ မိုးကောင်းကျောင်းတိုက်၊ ချမ်းအေးသာစံမြို့နယ်တို့ပါတိုင်းသံဃနာယက အဖွဲ့ဝင်ဆရာတော်(၂၇)ပါးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးသာသနာရေး ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်၊ မဟာအောင်မြေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေ၊ တိုင်းရဲတပ်ဖွဲ့မှူးကိုယ်စား မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဝဏ္ဏအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော အလှူရှင်များ စုစုပေါင်းအင်အား (၆၅)ဦးခန့် တက်ရောက်သည်။
အစည်းအဝေးအား "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခြင်း၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်၊ဓမ္မဂါရဝကျောင်း)မှ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲကျင်းပနိုင်ရေးနှင့် စပ်လျဥ်း၍ ဩဝါဒကထာချီးမြှင့်ခြင်း၊ ဝန်ကြီးချုပ်မှ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲကျင်းပရေး လုပ်ငန်းဆိုင်ရာများ လျှောက်ထားခြင်း၊ ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲကျင်းပရေးကိစ္စနှင့် ပတ်သတ်၍ ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များက အထွေထွေဆွေးနွေးတော်မူကြခြင်းနှင့် လျာထားချက်များကို ဆွေးနွေးဆုံးဖြတ်တော်မူကြခြင်း၊ တိုင်းဒေကြီးသံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်း)မှ နိဂုံးချုပ်ဩဝါဒကထာ ချီးမြှင့်မိန့်ကြား၍ ဆရာတောကြီးများနှင့် တက်ရောက်လာသည့်ပရိသတ်များမှ ဗုဒ္ဓသာသနံစိရံတိဠတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့သည်။
အောင်ဇော်မင်း