ညောင်ဦး မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က နွေရာသီအခြေခံစစ်တုရင်သင်တန်းနှင့် ပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
နွေရာသီ စစ်တုရင်သင်တန်း ဖွင့်ပွဲတွင် ညောင်ဦးမြို့နယ် ညောင်ဦးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုထွေးက စစ်တုရင်သင်တန်းတက်ရောက်မည့် သင်တန်းသား၊ ကျောင်းသူများအား စည်းကမ်းချက်များ ပြောကြားကာ၊ ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီအတွင်းရေးမှူး ဦးမင်းခိုင်ဦးက စစ်တုရင်ခုံနှင့် စစ်တုရင်ရုပ်များပေးအပ်ခဲ့သည်။ ဆက်လက်၍ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စစ်တုရင်ဆပ်ကော်မတီနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကာ ဖွင့်လှစ်သင်တန်းပေးမည့် နွေရာသီစစ်တုရင်သင်တန်းနှင့်ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားပြီး၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူကသင်တန်းသားများအနေဖြင့် ကြိုးစားသင်ယူစေကြောင်းပြောကြားပြီး၊ မှတ်သားရန်နှင့်ပန်းချီဆွဲရန် ဗလာစုအုပ်များနှင့် ခဲတန်များ အခမဲ့ဝေငှပေးခဲ့ကြောင်းသိရကာနွေရာသီ စစ်တုရင်သင်တန်းနှင့်ပန်းချီသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ဦးမင်းခိုင်ဦး (တိုင်းဒေသကြီးလက်ရွေးစင်)မှ စစ်တုရင် ကစားခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများဖြစ် သည့် အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးခြင်း၊ ဦးနှောက်အလုပ်လုပ်များသည့်အတွက် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဦးနှောက်ဆဲများ ဖွံ့ဖြိုးတိုးတက်မှုမြန်စေခြင်း၊ ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည် မြင့်မားစေခြင်း၊ IQ မြင့်မားစေခြင်း၊ အခက်အခဲပြသနာများကို ခေါင်းအေးအေးဖြင့် ဖြေရှင်းပေးနိုင်ခြင်း၊ တွက်ချက်မှုကောင်းမွန်လျှင်မြန်ခြင်း၊ မှတ်ဉာဏ်ကောင်းစေခြင်း၊ တီထွင်ဖန်တီးမှုအား ကောင်းစေခြင်း၊ အာရုံစူးစိုက်နိုင်မှုစွမ်းအားကောင်းလာခြင်း၊ အလုပ်လုပ်ရာတွင် အစီအစဉ်တကျ ဖန်တီးပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေကြောင်းလည်း သင်တန်းတက်ရောက်မည့် သင်တန်းသားသူများအား ရှင်းပြခဲ့ကြောင်း သိရသည်။
ဒီပါလင်း