မုဒုံ မတ် ၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်မြို့ ခြင်္သေ့ကျောင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ကမာဝက်တိုက်နယ် ရွှေကျင်ဂိုဏ်းဥက္ကဋ္ဌ၊ ရတ္တမဟာနာယက ကျိုက်တမော့တောင်ပေါ်ကျောင်း ဆရာတော်ဘဒ္ဒန္တဣန္ဒဝံသမဟာထေရ်၊ သက်တော် (၉၃)နှစ်၊ သိက္ခာတော် (၇၄)၏ ရုပ်ကလာပ်တော်အား ယမန်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ ဖူးမြော်ကန်တော့သည်။
ထို့နောက် ခြင်္သေ့ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒကုမာရထံမှ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သြဝါဒကထာ ချီမြှင့်တော်မူခဲ့သည်။ ဆက်လက်၍ ဆရာတော်ကြီးအား လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)