တောင်ဥက္ကလာပ မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်အမှတ် ၁၄ ရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းအချိန်က သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ တောင်ဥက္ကလာပမြို့နယ် အမှတ် (၁၄) ရပ်ကွက် သခင်ဖိုးလှကြီးလမ်း၊ သဇင်လမ်း၊ နွယ်သာကီလမ်းနှင့် မြလေးလမ်းတစ်လျှောက်ရှိ စည်ပင်သာယာလမ်းနယ်နမိတ်နှင့် မလွတ်ကင်းသော အဖီအဆွယ်များ ရှင်းလင်းခြင်း၊ မြောင်းဖုံးများလှန်၍ မြောင်းချေးများအား စက်ယန္တားဖြင့်ဆယ်ယူခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းပေးခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများဆယ်ယူခြင်း၊ ခြင်ခိုအောင်းနိုင်သောနေရာများအား ရှင်လင်းပေးခြင်း၊ ရေကန်အတွင်း ပိုးလောက်လန်းများမပေါက်ပွားနိုင်ရန် အဘိတ်ဆေးခပ်ခြင်း၊ အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန်ပစ်ခြင်းစသည့် သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇော်နိုင်တို့က အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)