ဒက္ခိဏ မတ် ၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၁)အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆးသည်။
ကြည့်ရှုစစ်ဆးရာတွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အိမ်ရာများအတွင်းအမြဲမပြတ် သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးကို အမြဲမပြတ်ဆောင်ရွက် ကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ကျေးစာဥကျေးရွာအနီးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့်အင်းနီကန်ကို ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးက လုပ်ငန်းဆေင်းရွက်နေမှု အခြေ အနေများ၊ လုပ်ငန်းပြီးစီးပါက စိုက်ပျိုးရေးပေးဝေးနိုင်မှု အခြေအနေများကိုလည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများ၊ လယ်ယာသုံးစက် ကိရိယာများအသုံးပြုစိုက်ပျိုးရေးနှင့် ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပေးနေမှုအခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကလုပ်ငန်းများကို သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ ရေရှည်ခိုင်ခံစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေး၊ စိုက်ပျိုးရေကို စိုက်ဧကများတိုးချဲ့ပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေး၊ သီးနှံများစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များသုံးစွဲရေးကို လိုက်နာဆောင်ရွက်ကြစေလို ကြောင်းမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ကံလှ- ကန်သာ- ကုန်းပေါ်စု- မဒေါ့ပင်- ဂုဏ်မင်းမြှောင်- ထိန်တော- ခြင်ပစ်- ဥသျှစ်လှိုင်း ဆက်သွယ်သည့်လမ်းအားလမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့မှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင် ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သတ်မှတ်အရည်အသွေးပြည့်မီးစေရေး၊ ရေရှည်ခိုင်ခံစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးရေးကို အလေး ထားဆောင်ရွက်ရမှာ ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၄၅ တောင်သူ ဦးကိုရီ၏ နွေစပါးစိုက်ခင်းတွင် သမန်းနှိုးသရုပ်ပြခြင်းသို့ သွားရောက်ကြည့်ရှုအားပေးရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူးက နွေစပါးစိုက်ပျိုးနေမှု အခြေအနေများ၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင်လိုက်နာဆောင်ရွက်ရ မည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များ၊ ဘောင်ကြီးတင်စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထိုနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်နေသည့် နေပြည်တော်အတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ချောင်းမငယ်ဆည်ရေအား ဆင်အုံကန်မှ တစ်ဆင့် တစ်နေ့လျှင် ရေဂါလံ ခြောက်သန်း ရေပေးဝေရေး စနစ်ဆောင်ရွက်ခြင်းလုပ်ငန်းအတွက် 11/0.4 KV 1000 KVA Transformer နှစ်လုံးတပ်ဆင် တည်ဆောက်နေမှု အခြေအနေများ ရေပိုက်များ သွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူမည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခိုသီတင်းသုံးမည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာသို့ သွားရောက်၍ ဆွမ်းစားဆောင်များ၊ အိပ်ဆောင်များ၊ ဆေးပေးန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများက ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခို သီတင်းသုံးမည့်အဆောင်များအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဆောင်အတွင်း/အပြင် သန့်ရှင်းသာယာရေး၊ ဆရာတော်သံဃာတော်များနှင့် သီလရှင်များ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ မီးဘေးလုံခြုံရေး၊ ခြင်နှင့် ယင်များမရှိစေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများဖြစ်စေရေး၊ အခန်းများအတွင်းရှိ အသုံးအဆောင်ပစ္စည်းများ ပြည့်စုံစွာဖြည့်ဆည်းဆောင်ရွက်ပေးစေရေး၊ အနံ့အသက်များ ကောင်းမွန်စေရေးနှင့် လိုအပ်သည်များ ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)