ရန်ကုန် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပါဠိပထမပြန်စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲစူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ထံမှ ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ၂၀၂၄ ခုနှစ်စာအောင်သံဃာတော်များအား ဆုချီးမြှင့်ခြင်း၊ အောင်လက်မှတ်ဆပ်ကပ်ခြင်းနှင့်ပက်သတ်၍ သာသနာ့ရေးဆိုင်ရာများ လှောက်ထားပြီး နိုင်ငံတော်သံဃာနာယကအဖွဲ့ဝင်ဆရာတော် လှိုင်ရတနာပရိယတ္တိဆရာတော်ထံမှ စူဠဘွဲ့နှင်းသဘင်ချီးမြှင့်ခြင်း ရေစက်ချ အနုမောတနာတရားနာယူကြသည်။
ထို့နောက် အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မင်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီး(၁၆)ပါး၊ စာအောင်သံဃာတော်များ၊ သီလရှင်ဆရာလေးများ (၂၀၈)ပါး စုစုပေါင်း(၂၂၄)ပါတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)