ဒဂုံတောင် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာရေး ဆရာအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာရေးအတွက် ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးတန်ဖိုးထား အသိပညာပေးဟောပြောပွဲနှင့် Campaign လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက ရည်ရွယ်ချက်အမှာစကားနှင့် သနပ်ခါး၏ အသုံးဝင်တန်ဖိုးကြီးပုံများကိုဟောပြောပြီး မြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင် စာရေးဆရာမ ဒဂုံကြည်ဇော်က သနပ်ခါးကို ဘိုးဘွား အစဉ်အဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာကြသည့်အကြောင်းအရာများ၊ သနပ်ခါးကို အမြတ်တနိုးလိမ်းခြယ်ကြပုံများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ်ထင်ရှားလာစေရန် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေ အနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်ကြောင်းများဆွေးနွေးပြီး မြို့နယ်အမျိုးရေးရာအဖွဲ့ တာဝန်ရှိသူမှ သနပ်ခါး၏ ဆေးဘက်ဝင်ပုံ အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် သနပ်ခါးလိမ်းခြယ်ခြင်း Campaign လှုပ်ရှားမှု လက်တွေ့သရုပ်ပြ လိမ်းခြယ်ကြကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာ အသင်းဝင်များ၊ သနပ်ခါး ချစ်မြတ်နိုးသူများတက်ရောက်ကြသည်။
နေမျိုးအောင်(ဒဂုံတောင်)