မင်္ဂလာတောင်ညွန့် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မင်္ဂလာတောင်ညွန့်ရပ်ကွက်၌ဆက်လက်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထို့နောက် မြို့နယ်လဝကဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမောင်မောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးဦးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ထိုပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၈နှစ်နှင့်အထက်နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြတ်မြတ်(ပြန်/ဆက်)