ပုဇွန်တောင် မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေ ထပ်ဆင့်ရှင်းလင်းပွဲအခမ်း အနားကို မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန်က အမှတ်(၆) ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပုဇွန်တောင်မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်ကပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများဆိုင်ရာများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ ဒေါ်မေဖြိုးခိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းရန်ကာလများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း ဆိုင်ရာ များ၊ ပြည်သူ့စစ်မှုထမ်းအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်ဆိုင်ရာများ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့်ယာယီရွှေ့ဆိုင်းခွင့်ဆိုင်ရာများ၊ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်ဇော်က ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ ဖွဲ့စည်းထားရှိခြင်း၊ လက်ရှိပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး စစ်မှုထမ်းလုပ်ဆောင်နေမှုအခြေအနေများ၊ ပုံစံ (၁)မှ ပုံစံ (၁၂)အထိ ချပြရှင်းလင်းခြင်းနှင့် စစ်မှုထမ်းရန် ဆင့်ခေါ်ရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာ၀န်များကိုလည်းကောင်း စသည်တို့ကို အကျယ်တဝင့် အသိပညာပေး ဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာမြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးဖြေကြားပေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်သူများ သိရှိလေ့လာနိုင်စေရန်အတွက် တိုင်းဒေသကြီးအစိုးရမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်