ဒေါပုံ မတ် ၉
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ လစဥ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ်လ ၇ ရက်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးလုံခြုံရေးသတိဖြင့် နေထိုင်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရန်လို ကြောင်း၊ ပြည်သူများ ကျန်းမာရေးအတွက် တစ်နေရာထဲတွင် ကုသရေးနှင့်ကာကွယ်ဆေးများထိုးနှံနိုင်ရေးအတွက် ပြည်သူ့ကျန်းမာဦးစီးဌာနနှင့် ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိပြည်သူများ လုံခြုံရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးစိုးမိုးအောင်က ဒေါပုံမြို့နယ်အတွင်း ပြည်သူများအေးချမ်း လုံခြုံစွာရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအတွင်းရှိ ပြည်သူများဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြ သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်ကဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအကြား ပြည်သူ့ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ပိုမိုကောင်းမွန်တိုးတက်စေရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)