ပုဇွန်တောင်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေး

ပုဇွန်တောင် မတ် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးဖွင့်လှစ်သော ၂၀၂၅ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ယခုကဲသို့ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများနှင့် လူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချစေပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်အားကစားသမားများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်သီရိဆွေမှ ပြောကြားခဲ့သည်။

ယခုနှစ် နွေရာသီအားကစားသင်တန်းတွင် မြန်မာ့သိုင်း၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင် တင်းနစ်ခရစ်ကတ်၊ Physical Fitness Dance စသည့် အားကစားနည်း()မျိုးကို မတ်လ(၁) ရက်နေ့မှစတင်၍ (၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းသားဦးရေ (၁၅၉)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဟန်စုယဉ်