ချောင်းဆုံမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ   မတ် 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုမှကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူး ဦးမျိုးဇော်ဦးနှင့်ဝန်ထမ်းများက မတ်လ(၇)ရက်နေ့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံရေး ဦးစီးဌာနရုံးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးနှင့်ဝန်ထမ်းများက မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန် မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးချိတ်၊ မီးကတ်များ၊ ရေပုံးများ၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုအခြေအနေများ စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းနှင့် မီးသတ်ဆေဘူးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)