မိုင်းပျဉ်း မတ် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၄−၂၀၂၅ပညာသင်နှစ် Grade-9 စာမေးပွဲများကို သက်ဆိုင်ရာအခြေခံပညာကျောင်း အသီးသီး၌ ယနေ့နံနက်ပိုင်းတွင် သိပ္ပံဘာသာရပ်ဖြေဆိုပြီးစီးခဲ့ကြကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် Grade-9 စာမေးပွဲဖြေဆိုသူ ကျား−၂၁၄ ဦး၊ မ− ၃၃၄ ဦး၊ စုစုပေါင်း= ၅၄၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ စာမေးပွဲကျင်းပပြီးစီးချိန်၌ ၎င်းတို့၏မိဘများလက်ဝယ်သို့ အသီးသီး အပ်နှံပေးကြပြီး၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် တာဝန်ကျ ဆရာ၊ ဆရာမများက စနစ်တကျအနီးကပ် ကြပ်မတ်စစ်ဆေးဆောင်ရွက်ပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် စာမေးပွဲဖြေဆိုချိန်မှစ၍ ဖြေဆိုပြီးစီးသည့်အချိန်အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့က လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး