ပန်းဘဲတန်းမြို့နယ်၌ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာသင်တန်းအမှတ်စဉ်(၂၂)ဖွင့်ပွဲအခမ်းအနားကျင်းပ

ပန်းဘဲတန်း မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရွှေဘုံသာလမ်း(အောက်)၊ အမှတ်(၄၂/၅၀)(ပထမထပ်)ရှိ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးခန်း၌ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာသင်တန်းအမှတ်စဉ်(၂၂)ကို ယနေ့နံနက် (၈)နာရီအချိန်က ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဥက္ကာက အဖွင့်အမှာစကားပြောကြားပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင့်ဇော်က ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကျောက်တံတားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဥက္ကာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင့်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ကနဦးစိစစ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်မြတ်မြတ်အေး၊ ပန်းဘဲတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးယောမင်းကို၊ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်နှင့် ရွှေသတ္တုရောင်းဝယ်ခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် သင်တန်းသား/သူ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဥမ္မာကျော်(ပန်းဘဲတန်း)