မင်္ဂလာဒုံမြို့နယ်၌ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မင်္ဂလာဒုံ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ (၈)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်း အမှတ်အဖြစ် "တန်းတူအခွင့်အရေးရရှိဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်စို့" ခေါင်းစဉ်ဖြင့် AHF (Myanmar) နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ Girls Act လှုပ်ရှားမှုအစီအစဉ်ကို အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြန့်)၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဦးစွာ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက အမှာစကားပြောကြားပြီး အမျိုးသမီးငယ်လေးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးအတွက် AHF Myanmar မှ ဆရာမ ဒေါ်အေမီက "ယုံကြည်မှုတည်ဆောက်ခြင်းနှင့် မိမိကိုယ်ကိုတန်ဖိုးထားခြင်း" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကာ အဆိုပါသင်တန်းကျောင်းမှ အမျိုးသမီးငယ်လေးများက ချည်ပန်းအလှထိုးပြိုင်ပွဲတွင် ပူးပေါင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ချည်ထိုးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် နှစ်သိမ့်ဆုများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)