မရမ်းကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့‌အခမ်းအနားကျင်းပ

မရမ်းကုန်း မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အမှတ်(၇)ရပ်ကွက်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အမျိုးသမီးက‌လေးများသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာအမျိူးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးက ဒုတိယညွှန်ကြားရေးမှူး ဒေါ်စိန်သန်းကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ AHF Myanmar မှ Country Program Director ဒေါက်တာဝင်းဦးက ကြိုဆိုနှုတ်ဆက်ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် မလိခကျောင်းက ကျောင်းသူများမှ ကပြဖျော်ဖြေကြပြီး ကျောင်းသူလေး မနီလာစိုးက လေးစားရသောအမျိုးသမီးအကြောင်းပြောကြားခြင်း၊ မလိခကျောင်းသူလေးများက အမျိုးသမီးများသည် ''အမျိူသားများထက် ပိုမိုစွမ်းဆောင်နိုင်သင့်သည်/မစွမ်းဆောင်နိုင်သင့်ပါ " ခေါင်းစဉ်ဖြင့် စကားရည်လုပွဲ ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ကပြဖျော်ဖြေကြသူများ၊ ပြိုင်ပွဲဝင်သူများအား လူမှုဝန်ထမ်းဦးစီးဌာနနှင့် AHF Myanmar တာဝန်ရှိသူများက ဆုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ရဲထွန်း ပြန်/ဆက်