သာကေတ မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ် ရက်ကာလများတွင် ကိုယ်လက်လှုပ်ရှားနိုင်စေရန်ရည်ရွယ်၍ သာကေတမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်ပံ့ပိုးမှုဖြင့် သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ နွေရာသီအခြေခံအားကစားသင်တန်း(ဘောလုံး၊ ဘော်လီဘော၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ခရစ်ကတ်၊ ဖူဆယ်(မ)၊ ရိုးရာခြင်းလုံး၊ ဟော်ကီ အားကစားနည်း(၉)မျိုးသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် သာကေတမြို့နယ်၊ မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးအောင်လွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးကျော်ထူးအောင်နှင့်တာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဉက္ကဋ္ဌဦးမျိုးထက်ပိုင်နှင့် မြို့နယ်အားကစားဆပ်ကော်မတီဥက္ကဋ္ဌများအဖွဲ့ဝင်များ၊ အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ သာကေတမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ အားကစားပစ္စည်းများအားလည်းကောင်း ဗိုလ်တထောင်ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ငွေကျပ် ၁၂၀၀၀၀ဝိ/ (ကျပ်တစ်ဆယ့်နှစ်သိန်း)အား ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် Fitness Dance အားကစားနည်းဖြင့် သရုပ်ပြသခဲ့ရာ သရုပ်ပြအဖွဲ့အား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းမှ ကျပ်တစ်သိန်း၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌမှ ကျပ်ငါးသောင်းတို့အား အသီးသီးချီးမြှင့်ခဲ့ကာ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)