မြောက်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၉၃၈)ဦး ဝင်ရောက်ဖြေဆိုမည်

မြောက်ဥက္ကလာပ မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ‌မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၇)ရက်နေ့က သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် စစ်ဆေးဆောင်ရွက်မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ  (၁၉၃၈)ဦး ၀င်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း စာစစ်ဌာန (၅)ခု ဖွင့်လှစ်၍ စစ်ဆေးဆောင်ရွက်မည်ဖြစ်ရာ အမှတ် (၁) အခြေခံပည်အထက်တန်းကျောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ မြောက်ဥက္ကလာပဆေးရုံ၊ ဝေဘာဂီဆေးရုံတို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့်  မတ်လ (၁၇)ရက်နေ့က (၂၇)ရက်နေ့ထိ စစ်ဆေးဆောင်ရွက်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့၏တက္ကသိုလ်၀င်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာစာစစ်ဌာနများတွင်  ဖေဖော်ဝါရီ (၂၇)ရက်နေ့မှစ၍ ထုတ်ပေးဆောင်ရွက်နေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)