သာစည် မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၅ ခုနှစ် နွေရာသီအားကစားနည်းသင်တန်းများကို မတ် (၁၀)ရက်နေ့မှစတင်၍ မြို့နယ်အားကစားကွင်း၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံက သိရသည်။
အဆိုပါသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ကရာတေးနှင့်ပြေးခုန်ပစ် အားကစားနည်းများကို အခြေခံမှစတင်၍ မတ်လကုန်အထိနေ့စဉ် ညနေ (၄)နာရီမှ (၅)နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းများသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး တက်ရောက်လိုသူများအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဖုန်း ၀၉-၄၃၀၆၈၃၅၅ နှင့် ၀၉-၇၇၉၉၅၃၅၃၂ သို့လည်းကောင်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)